Vision & Mission Home » Vision & Mission

ကဲဝဲလ်မယ်ဒီကယ် ဆေးပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံသား ဆရာဝန်၊ သူနာပြုနှင့် အခြား ကျွမ်းကျင်ပညာရှင်များဖြင့်ဖွဲ့စည်းထားပြီး အများပြည့်သူနှင့်လုပ်သားထုအား ကောင်းမွန်သောကျန်းမာရေး

  • မျှော်မှန်းချက်

    မြန်မာနိုင်ငံရှိ လုပ်သားပြည်သူများကျန်းမာရေးအတွက် အရေအသွေးမြင့်မားသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ ရရှိစေနိုင်ရန်အတွက် စနစ်ကျသောကျန်းမာရေးစောင့်ရှောက်မှု ကွန်ရက်တစ်ခုကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ကျွမ်းကျင်ပညာရှင်များအဖွဲ့တစ်ခုအဖြစ် ရပ်တည်နိုင်ရေး။

  • ရည်ရွယ်ချက်

    လုပ်သားပြည်သူများ၏ အခြေခံကျန်းမာရေးလိုအပ်ချက်များနှင့် ရောဂါအလိုက်လိုအပ်သော အထူးကျန်းမာရေးစောင့်ရှောက်မှုများအတွက် ကုန်ကျစရိတ်သက်သာပြီး ပြည့်စုံကောင်းမွန်သောဝန်ဆောင်မှုများကို ဖော်ဆောင်ပေးနိုင်ရေး။

  • ရည်မှန်းချက်များ

    • စနစ်ကျသောကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကကွန်ရက်နှင့် ကုသမှုဆိုင်ရာလမ်းစဉ်များချမှတ်နိုင်ရန်။
    • ကုသမှုဆိုင်ရာအဆင့်အလိုက် လိုအပ်သောပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများကိုဖြည့်ဆည်းနိုင်ရန်။
    • ကျန်းမာရေးဆိုင်ရာပညာရှင်များနှင့်သာမက အခြားသောကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်း၍ လုပ်သားနှင့်ပြည်သူလူထုကျန်းမာရေးဝန်ဆောင်မှုများကို အကောင်းဆုံးပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်။